မြန်မာနိုင်ငံရဲ့ စက်ယန္တရားအဌားလုပ်ငန်းကို အဓိကထားတင်ဆက်လျက်ရှိတဲ့ Machinery Talk Show Part 4 ၏ Episode 4 တွင် Truvic Machinery Company မှ Founder ဦးကျော်စွာအောင်၊ Kyaw Nay Min Htun Company မှ ဦးဆောင်သူ ဦးကျော်ကျော်နှင့် Real Power Company မှ Director ဦးသက်လင်းဝင့်ကောင်းတို့မှ စက်ယန္တရားအငှားဈေးကွက်အတွင်း လက်တွေ့ကြုံတွေ့နေရတဲ့ ပြိုင်ဆိုင်မှုများ၊ဖြေရှင်းနည်းများနှင့် ဈေးကွက်အတွင်း ပြိုင်ဘက်တွေကြားကနေ ထူးခြားစွာ ရပ်တည်နိုင်မယ့် နည်းဗျူဟာများကို ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ လုပ်ငန်းအတွေ့အကြုံရှိတဲ့ လုပ်ငန်းရှင်တွေရဲ့ လက်တွေကျတဲ့ အသိပညာဗဟုသုတတွေကို Real Power Trading YouTube Channel မှာ အတူတူကြည့်ရှုလိုက်ကြရအောင်နော်!
ဟိုက်ဒရောလစ်ဆီ အပူလွန်ကဲမှုဖြစ်တာ ဘာကြောင့်လဲ?
Real Power ရဲ့ Social Media Channel Comment တွေမှာ မေးမြန်းထားတဲ့ ဟိုက်ဒရောလစ်ဆီ အပူလွန်ကဲခြင်းဖြစ်စေနိုင်သည့် အကြောင်းအရင်းများကို ဒီ Question & Answer ဗီဒီယိုလေးထဲမှာ အသေးစိတ် ပြန်လည်ဖြေကြားတင်ဆက်ပေးလိုက်ပါတယ်ရှင်။ 💡နောက်ထပ်လည်း စက်ယန္တရားကြီးများနဲ့ပက်သက်ပြီး သိချင်တဲ့ မေးခွန်းတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိရင်လည်း Comment မှာ မေးမြန်းခဲ့နိုင်ပါတယ်ရှင်!