𝗧𝗿𝗮𝘃𝗲𝗹 𝗠𝗼𝘁𝗼𝗿 ဆိုသည်မှာ

Excavator ကို တစ်နေရာမှတစ်နေရာသို့ ရွေ့လျားသွားလာနိုင်စေရန် လုပ်ဆောင်ပေးသော အစိတ်အပိုင်းဖြစ်ပါသည်။ Main Pump မှ ထုတ်လွှတ်လိုက်သော Hydraulic စွမ်းအင်ကို အသုံးပြု၍ လည်ပတ်ပါသည်။ Main Pump မှ ထုတ်လွှတ်လိုက်သော Hydraulic ဆီများသည် Main Control Valve, Center Joint တို့မှတဆင့် Travel Motor သို့ ဝင်သည်။ ထို Hydraulic ဆီများသည် Travel Motor အတွင်းရှိ Piston များကိုတွန်း၍ Cylinder Block နှင့် Motor Shaft တို့ကိုလည်ပတ်စေပါသည်။ Motor အတွင်းပိုင်းတွင် Pistons & Shoes, Cylinder Read more…

Excavatorတွေမှာပါရှိတဲ့ Engineတစ်လုံး ဘယ်လိုစတင်လည်ပတ်ပါသလဲ ?

Engine စတင်လည်ပါတ်ပုံမှာ သော့အုံမှ သော့ကို လှည့်လိုက်သည်နှင့် Start Motor လည်ပြီး Engine Flywheel Pinion ကို လှည့်ပါသည်။ Flywheel လည်သောကြောင့် တစ်သားတည်းဖြစ်နေသော Crank Shaft လည်ပါသည်။ ထို့ကြောင့် ချိတ်ဆက်ထားသော Piston Assembly, Connecting Rod တို့ Cylinder Liner အတွင်းတွင် အတက်အဆင်းပြုလုပ်ပါသည်။ တပြိုင်နက်တည်းတွင် Crank Shaft၏ Pulley နှင့် ချိတ်ဆက်ထားသော Cam Shaft လည်သဖြင့် Engine Head မှ Inlet Valve များ၊ Exhaust Valve များကို အဖွင့်အပိတ် ပြုလုပ်ပါသည်။ Read more…

စက်ယန္တရားကြီးများ၏ အင်ဂျင်များတွင် မီးခိုးအပြာများထွက်ရခြင်း၏ အကြောင်းအရင်းများ

အပြာရောင်မီးခိုးများစွာထွက်ခြင်း အဓိက အကြောင်းအရင်းမှာ Combustion Chamber အတွင်းတွင် အင်ဂျင်ဝိုင်များရောက်ရှိကာ ထိုအင်ဂျင်ဝိုင်များကို လောင်ကျွမ်းရခြင်း၊ အင်ဂျင်အတွင်းပိုင်းပစ္စည်းများပျက်စီးခြင်း၊ တာဗို ပျက်စီးခြင်း တို့ကြောင့်ဖြစ်ပါသည်။ အေးသော ရာသီဉတုများတွင် အင်ဂျင် စတင်နှိုးသော အချိefတွင်လည်း မီးခိုးပြာ ထွက်တတ်ပါသည်။ ဗားဆီး ဗားဂိုက် ပွန်းစားခြင်းကြောင့် အင်ဂျင်ဝိုင်များ မီးပေါက်ခန်းထဲသို့ရာက်ခြင်း၊ ဆလင်ဒါ လိုင်နာများပွန်းစားခြင်း နှင့် ပင်စတင် ရိန်းများ ပွန်းစားခြင်း ရိန်းအလုပ်ဖြစ်သည့် လိုင်နာ အပေါ်ပိုင်းရှိ အင်ဂျင်ဝိုင်များကို အောက်သို့ ဆွဲချသွားမပေးနိုင်ခြင်းတို့ကြောင့် အင်ဂျင်ဝိုင်များ မီးပေါက်ခန်းထဲသို့ ရောက်ရှိခြင်း၊ တာဗို ဆီပြန် (Drain) ပိုက်ပိတ်ခြင်းကြောင့် Intake ထဲသို့ အင်ဂျင်ဝိုင်များ ရောက်ရှိခြင်း၊ အင်ဂျင်ဝိုင်(ဆီ) ထုပါးလွန်း Read more…

𝗘𝗻𝗴𝗶𝗻𝗲 𝗟𝗼𝘄 𝗣𝗼𝘄𝗲𝗿 (အင်ဂျင်အားမရှိခြင်း ဝန်မရုံးနိုင်ခြင်း)

အင်ဂျင်တစ်လုံးသည် လည်ပတ်မှု့မမှန်ကန်ခြင်း၊ ဝန်မနိုင်ခြင်း၊ အင်ဂျင်အပတ်ရေ မမှန်ကန်ခြင်းတို့ကြောင့် စွမ်းအားကျဆင်းမှု ဖြစ်ပေါ်ပါသည်။ လေပိုင်းလိုင်းတွင် အပေါက် သို့မဟုတ် ကလစ်ပြုတ်နေခြင်း လေမလုံခြင်းကြောင့် သန့်စင်သောလေကို အင်ဂျင်အတွင်း ဖိကျစ်မသွင်းနိုင်သောကြောင့် အင်ဂျင်အားနည်းနိုင်ပါသည်။ ဆီလိုင်း ဆီပိုက်တို့တွင် လေဝင်ခြင်း၊ ဆီလေခိုခြင်းကြောင့်လည်း အင်ဂျင်အားနည်းနိုင်ပြီး၊ လေလိုင်း လေစစ် ပိတ်ဆို့ခြင်း၊ အင်ဂျင်ဝိုင် ဖိအားဆင်စာ မကောင်းခြင်း၊ ဖလိုင်းဝှီးဆင်စာ (သံလိုက် စပိဆင်ဆာမကောင်းခြင်း) တို့ကြောင့်လည်း အင်ဂျင်စွမ်းအားကျဆင်းနိုင်ပါသည်။ ရေဖစ်တာ ဒီဇယ်ဖစ်တာ ပိတ်ခြင်း နော်ဇယ် ပလမ်ချာ (အင်ဂျတ်တာ) မကောင်းခြင်း၊ ဒီဇယ်ပန့်မကောင်းခြင်း၊ ပန့်တိုင်ပင်များ မမှန်ကန်ခြင်းတို့ကြောင့်လည်း အင်ဂျင် အားမရှိခြင်း ဖြစ်နိုင်ပါသည်။EGR မကောင်းခြင်း၊ ဒီဇယ်မသန့်ပဲ အမှုန်အမွှားများစွာပါခြင်း စသည်တို့ကြောင့်လည်း စွမ်းအား Read more…

အင်ဂျင်ဝိုင်ထဲသို့ ရေရောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများ (𝐂𝐨𝐨𝐥𝐚𝐧𝐭 𝐢𝐧 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥)

အင်ဂျင်ဝိုင်ထဲသို့ ရေရောက်ခြင်းကြောင့် များစွာသော ဆိုးကျိုးများ အင်ဂျင်တွင် ဖြစ်ပေါ်စေပါသည်။ အင်ဂျင်ဝိုင်နှင့် ရေ ရောနှောခြင်းမှာ အများအားဖြင့် အင်ဂျင် ဟတ်ဂတ်စကတ် ပေါက်ခြင်း၊ အင်ဂျင်ဟတ်ပျက်စီးခြင်း၊ လိုင်နာ စလစ်ကွဲခြင်း၊ ပေါက်ခြင်း နှင့် စလစ်ဆီးများ ပေါက်ခြင်း၊ အင်ဂျင်ဝိုင်ကူလာ ပျက်စီးခြင်းနှင့် အင်ဂျင် ဘော်ဒီ(Engine Block) ကွဲခြင်းတို့ ကြောင့်ဖြစ်ပါသည်။ မီးခိုးဖြူထွက်ခြင်း ၊ မီးခိုးအပြာရောင်များ ထွက်ခြင်း၊ အင်ဂျင်ဝိုင် ဖြူပြီး အရောင်ပြောင်းသွားခြင်း၊ အင်ဂျင်ဆူညံသံများထွက်ခြင်း၊ အင်ဂျင် အပူချိန်တက်လာခြင်း၊ ရေတိုင်ကီ Coolant တွင် ဆီစများတွေ့ခြင်း၊ ရေ ခဏ ခဏဖြည့်ရခြင်း၊ Water Pump များ ပျက်စီးခြင်း၊ Engine Oil Read more…

အင်ဂျင် ဘာလို့ နှိုးမရတာလဲ?

Engine Can’t Start or Hard Start (အင်ဂျင်နှိုးမရခြင်း) – အင်ဂျင်နှိုးမရသော အကြောင်းအရင်းများမှာ ဘက်ထရီမကောင်းခြင်း၊သော့အုံ့မကောင်းခြင်း၊ ဖြူးပြတ်ခြင်း၊ မိန်းရလေး စတတ်တာရလေး စတတ် ကွန်ထရိုးရလေး စသည်တို့မကောင်းခြင်း၊ စတတ်မော်တာ ဆိုလိုနိုက်မကောင်းခြင်းနှင့် စတတ်မော်တာမကောင်းခြင်း၊ အင်ဂျင်ကွန်ထရိုလာမကောင်းခြင်း၊ အင်ဂျင်ဝိုင် ဖိအား ဆင်ဆာ မကောင်းခြင်း၊ စပိနှင့် တိုင်မင်ဆင်ဆာ မကောင်းခြင်း၊ ဟန်းပန့်မကောင်းခြင်း၊ ဒီဇယ်ပန့် ဆပလိုင်းပန့် ထရွန်စဖာပန့်မကောင်းခြင်း၊ အင်ဂျတ်တာ မကောင်းခြင်း၊ ဒီဇယ်ဖစ်တာ အလွန်ပိတ်ခြင်း၊ ဒီဇယ် ပရတ်ရှာ မကောင်း ခြင်း၊ အင်ဂျင်တိုင်မင် မမှန်ခြင်း၊ အင်ဂျင် ကွန်ပရတ်ရှင်း အလွန်ကျခြင်း နှင့် ဒီဇယ်ဖွင့်ပိတ် ဆိုလိုနိုက် မကောင်း ခြင်းစသည်တို့ကြောင့် Read more…

ဟိုက်ဒရောလစ် ဘရိတ်ကာများကို ကာလကြာရပ်နားထားမည်ဆိုပါလျှင်

၁။ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သိမ်းဆည်းပါ။၂။ကျောက်ခွဲသွား(Chisel) ကိုဖြုတ်၍ ကာဗာဘွတ် နှင့် အတွင်းဘွတ်များကို သန့်ရှင်းပါ။၃။ပစ္စတင်အောက်ခြေနှင့် အတွင်းဘွတ်များ၊ ပင်များကို သံချေးမတက်စေရန် အမဲဆီကို သေချာသုတ်လိမ်းပါ။၄။ဘရိတ်ကာ နောက်ဘက်(Back Nitrogen Pressure)နိုက်ထရိုဂျင်ကို ထုတ်ပြီး ပစ္စတင်ကို အတွင်းဘက် အဆုံးထိ ထည့်သွင်းပါ။၅။ဟိုက်ဒရောလစ် အဝင်အထွက်ပိုက်ခေါင်းများကို သေချာစွာ ပိတ်ထားပါ။၆။ဘရိတ်ကာ ကို ရေငွေ့နှင့် အမှုန်အမွှားများဝင်မလာစေရန် အကာအကွယ်ပေးနိုင်သော အဖုံးအကာ ဖြင့် သေချာဖုံးအုပ်ပါ။၇။နှစ်ကြာစွာ သိမ်းထားပြီးမှ လုပ်ငန်းခွင်တွင် ဘရိတ်ကာပြန်သုံးမည်ဆိုလျှင် ဘရိတ်ကာ အတွင်းဘွတ်နှင့် ပစ္စည်းများ ပြန်စစ်ဆေးပါ။ဖြစ်နိုင်လျှင် ဆီးလ် ၊ ပစ္စတင် နှင့်ဆလင်ဒါကို စစ်ဆေးပေးနိုင်လျှင် ပိုကောင်းပါသည်။လိုအပ်လျှင် လဲပါ။၈။အတွင်းဘွတ်နှင့်ကာဗာဘွတ်များလည်း ကျောက်ခွဲသွားဆိုဒ်ထက်အရမ်းကျယ်နေပါက လဲပါ။၉။ထို့နောက် ပြန်လည်စစ်ဆေး၍ အဆင်ပြေပါလျှင် လိုအပ်သော Read more…

အင်ဂျင်လေချွန်သံထွက်ရခြင်း အကြောင်းအရင်းများနှင့် Air Flow Systemအကြောင်း

Inlet-Manifoldများသည် Air Cleaner မှလာသော သန့်စင်သောလေများကို အင်ဂျင်ဟတ်အတွင်းမှ Compression Chamber ထဲသို့ သန့်စင်သောလေများကို ထည့်သွင်းပေးကြပါသည်။ Manifold များကွဲခြင်း၊ ပေါက်ခြင်းတို့ ဖြစ်တတ်ပြီး ယင်းကဲ့သို့ဖြစ်ပေါ်ပါက အင်ဂျင်မီးခိုးမဲများစွာထွက်ပြီး ဆူညံသံများဖြစ်ပေါ်စေပါသည်။ လေနှင့်ဆီအရောအနှောအချိုးအစားများမမှန်ကန်တော့သဖြင့် အင်ဂျင်မှာ ပုံမှန်မီးပေါက်ကွဲအားမရှိတော့ဘဲ စွမ်းဆောင်ရည်များ ကျဆင်းစေပါသည်။ Intake Air Pressure Sensor, Intake Air Temperature Sensor စသော ဆင်ဆာများကို မန်နီဖိုးများ တွင်တပ်ဆင် အသုံးပြကြပါသည်။ ထိုဆင်ဆာမှတဆင့် အင်ဂျင် ကွန်ထရိုလာသို့ သတင်းပို့ပြီး အင်ဂျင် ၏လေဖိအား အပူချိန်များကို သတင်းပို့ပါသည်၊ ထိုအချက်အလက်များကို ကွန်ထရိုလမှ တွက်ချက်ပြီး မော်နီတာတွင် အင်ဂျင်စွမ်းဆောင်ရည်များကို ဖော်ပြပါသည်။Engine Read more…

𝗘𝗻𝗴𝗶𝗻𝗲 𝗢𝗶𝗹 𝗖𝗼𝗻𝘀𝘂𝗺𝗽𝘁𝗶𝗼𝗻 𝗧𝗼𝗼 𝗠𝘂𝗰𝗵 (အင်ဂျင်ဝိုင်စားခြင်း)

Engine Oil လျော့နည်းချင်း၊ ပျောက်ခြင်းစသော ကိစ္စများဖြစ်ရခြင်း၏ အကြောင်းအရင်းများမှာ Engine Oil အရည်အသွေးနိမ့်ခြင်း၊Grade မမှန်ကန်ခြင်း၊ Piston & Ring ပွန်းစားမှုများလွန်းခြင်း၊ Piston Ring ဂုဏ်သတ္တိ ကျဆင်းခြင်း၊ Ringဟာခြင်းကြောင့် Engine အတွင်းမှ Engine Oil များကို Combustion Chamber မီးပေါက်ခန်းထဲသို့ ရောက်ရှိစေခြင်း၊ Cylinder Liner ကွဲအက်ခြင်း၊ Head Gasket‌ ပေါက်ခြင်း၊ Valve Seal ၊ဘားကွင်း၊ Valve Guide များမှ ယိုစိမ့်ခြင်း၊ ဆီအယိုအစိမ့်များခြင်း၊ Valve Cover Seal တိုက်ပစ်ဆီးများမှ ယိုစိမ့်ခြင်း၊ အင်ဂျင်ရှေ့ဂုတ်ဆီး နောက်ဂုတ်ဆီးများမှ ဆီယိုစိမ့်ခြင်း၊ Read more…

အင်ဂျင်အပတ်ရေ မမှန်ကန်တာ ဘာကြောင့်လဲ 

အင်ဂျင်တွင် အဓိက တပ်ဆင်ထားသည့် ဆင်ဆာများအနက် အင်ဂျင် စပိဆင်ဆာကို အင်ဂျင်ဖလိုင်းဝှီးတွင် တပ်ဆင်ထားပါသည်။ ဆင်ဆာ၏ ထိပ်မှ ဖလိုင်းဝှီးဂီယာသွားများ ဖြတ်သန်းသွားသော ကြိမ်နှုန်းကို ဖတ်ရှု့ပြီး ကွန်ထရိုလာ သို့ ပေးပို့ပါသည်။ ထိုပေးပို့လာသော ဆစ်ခနယ်အပေါ်မူတည်၍ အင်ဂျင်နှင့် ဟိုက်ဒရောလစ်ပန့်၏ လုပ်ဆောင်ချက်များကို ကွန်ထရိုလာမှ ဆုံးဖြတ်တွက်ချက်ကာဆောင်ရွက်ပေးပါသည်။ အင်ဂျင်စပိ ဆင်ဆာကိုသံလိုက်ဆင်ဆာဟုလည်းကောင်း ဖလိုင်းဝှီးဆင်ဆာဟုလည်းကောင်းခေါ်ဝေါ်ကြပါသည်။ အင်ဂျင်စပိဆင်ဆာ တပ်ဆင်ရာတွင် ဂျန်းနပ်ကို အဆုံးနားထိလျော့ပြီး ဖလိုင်းဝှီးနှင့်ဆင်ဆာထိ အောင်လှည့်ပါ ထိပြီးလျှင် နောက်သို့ တစ်ပါတ်ပြန်လျော့ပါ ဆင်ဆာထိပ်နှင့် ဖလိုင်းဝှီးဂီယာသွား ကြားအကွာအဝေးမှာ အလွန်အရေးကြီးလှပါသည်။ ဝေးသွားလျှင် ဆင်ဆာမဖတ်ပဲ ကွန်ထရိုလာသို့ ပေးပို့သော အင်ဂျင်အပါတ်အရေးအတွက် မှားယွင်းပြီး နီးလွန်းသွားပါက ဖလိုင်းဝှီးခါရမ်းမှု့ကြောင့် ဆင်ဆာထိပ်ပွင့်ကာ ဆင်ဆာပျက်စီးတတ်ပါသည်။ Read more…