Hydraulic Pump
ယနေ့မျက်မှောက်ခေတ်ကာလတွင် တည်ဆောက်ရေးလုပ်ငန်းခွင် အမျိုးမျိုးအတွက် အသုံးပြုသော ယန္တရားများမှာ ဟိုက်ဒရောလစ် (အရည်) စွမ်းအားနည်းစနစ်ကို အသုံးပြုလျက်ရှိသည်။ အခြားသောနည်းစနစ်များ ဖြစ်ကြသည့် လျှပ်စစ်စွမ်းအား၊ လေစွမ်းအားနှင့် စက်မှုစွမ်းအားတို့ထက် ၎င်းနည်းစနစ်ကို ပိုမိုအသုံးပြုလာကြသည်။ အဘယ့်ကြောင့်ဆိုသော် စွမ်းအင်တစ်ခုမှ တစ်ခုသို့ လွှဲပြောင်းလုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်သည် လွယ်ကူရိုးရှင်းခြင်းနှင့် စွမ်းအင်ဆုံးရှုံးမှုအနည်းဆုံးဖြစ်ခြင်းကြောင့်ဖြစ်သည်။👨🔧 ဥပမာအားဖြင့် မြေတူးစက်တစ်စီး၏ စက်လက်တံများ လှုပ်ရှားခြင်း၊ ဂေါ်ခွက်ဖြင့်မြေတူးခြင်း၊ စက်အပေါ်ပိုင်း ကိုယ်ထည်လှည့်ရမ်းခြင်းနှင့် စက်တစ်စီးလုံး လမ်းလျှောက်ခြင်းတို့ လုပ်ဆောင်ရာတွင် ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်ကို အသုံးပြုထားပါသည်။ ထိုစနစ်ကို အသုံးချပြုလုပ်ထားခြင်းကြောင့် အချိန်ကုန်သက်သာခြင်း၊ လူအင်အားဖြင့်မပြီးနိုင်သော အလုပ်များကိုဆောင်ရွက်နိုင်ခြင်း၊ ထိန်းသိမ်းပြုပြင်မှု စားရိတ်နည်းပါးခြင်းနှင့် စီးပွားရေးအရ တွက်ချေကိုက်ခြင်း စသည့်အကျိုးကျေးဇူးတို့ကို ရရှိစေပါသည်။🚜 အဆိုပါ ဟိုက်ဒရောလစ်(အရည်)စွမ်းအားနည်းစနစ်တွင် အဓိကကျသော ဟိုက်ဒရောလစ်အစိတ်အပိုင်းများမှာ ဆီ(အရည်)၊ ဆီတိုင်ကီ၊ Read more…




