စက်ငှားရမ်းသုံးစွဲသူများက ဈေးနှုန်းကို ပိုကြည့်လာကြတဲ့အတွက် စက်ငှားရမ်းခ ဝင်ငွေအပေါ် စိန်ခေါ်မှုများရှိလာပါတယ်။တစ်ချိန်တည်းမှာပဲ စက်ပိုင်ရှင်တွေဟာ အဖက်ဖက်က ကုန်ကျစရိတ်တွေ မြင့်တက်လာမှုနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စက်ပိုင်ရှင်လုပ်ငန်းရှင်ကြီးများအနေနဲ့ စက်ပြုပြင်ထိန်းသိမ်းရေး (Service) နှင့် အပိုပစ္စည်း (Spare Parts) ဝယ်ယူရေး ကဏ္ဍတွေကို မည်သို့ ထိရောက်စွာ စီမံခန့်ခွဲဖြေရှင်းနေကြသလဲဆိုတာကို Truvic Machinery Company မှ Founder ဦးကျော်စွာအောင်၊ Kyaw Nay Min Htun Company မှ ဦးဆောင်သူ ဦးကျော်ကျော် နှင့် Real Power Company မှ Director ဦးသက်လင်းဝင့်ကောင်း တို့မှ အသေးစိတ် ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်။ စက်ယန္တရားအငှားလုပ်ကိုင်သူ စက်ပိုင်ရှင်ကြီးများအတွက် အလွန်အကျိုးရှိစေမယ့် အစီအစဉ်ကောင်းတစ်ခုဖြစ်တာမို့ Video အစအဆုံးကို Real Power Trading YouTube Channel မှာ ကြည့်ရှုလိုက်ကြရအောင်နော်!
ဟိုက်ဒရောလစ်ဆီ အပူလွန်ကဲမှုဖြစ်တာ ဘာကြောင့်လဲ?
Real Power ရဲ့ Social Media Channel Comment တွေမှာ မေးမြန်းထားတဲ့ ဟိုက်ဒရောလစ်ဆီ အပူလွန်ကဲခြင်းဖြစ်စေနိုင်သည့် အကြောင်းအရင်းများကို ဒီ Question & Answer ဗီဒီယိုလေးထဲမှာ အသေးစိတ် ပြန်လည်ဖြေကြားတင်ဆက်ပေးလိုက်ပါတယ်ရှင်။ 💡နောက်ထပ်လည်း စက်ယန္တရားကြီးများနဲ့ပက်သက်ပြီး သိချင်တဲ့ မေးခွန်းတွေ၊ ကြုံတွေ့နေရတဲ့ အခက်အခဲတွေရှိရင်လည်း Comment မှာ မေးမြန်းခဲ့နိုင်ပါတယ်ရှင်!